ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးခြောက်အစုံ ပိဿာချိန် တစ်သိန်းနီးပါး ထိ တင်ပို့

0
170

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ငါးခြောက်အစုံ ပိဿာချိန် ၉၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ငါးခြောက်စုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လတွင် ငါးခြောက်အစုံ ပိဿာချိန် (၆၃၀၀၀) ထိသာ ရောင်းချခဲ့ရပြီး ပြီးခဲ့သည့် ဇွန်လထက် ငါးခြောက်အစုံ ပိဿာချိန် (၃၄၀၀၀) ထိ ပိုမိုရောင်းချခဲ့ရကြောင်း သိရသည်။

ဒေသထွက် ငါးခြောက်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှ ယခင်ထက်ပိုအဝယ်လိုက်လာ၍ အရောင်းသွက်ခဲ့ကြောင်း၊ ဒေသထွက် ငါးခြောက်အစုံကို စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးခြောက်အမျိုးအစားမှာ ငါးကွမ်းရှပ်(ငါးညို)ခြောက်၊ ငါးလိပ်ခြောက်၊ ငါးပြေမခြောက်၊ ငါးဖောက်ရိုးခြောက်၊ ငါးတန်ခွန် ခြောက်၊ အာပဲ့ခြောက်တို့ဖြစ်ပြီး အဆိုပါတင်ပို့ရောင်းချနေသည့် ငါးခြောက်ဈေးနှုန်းသည် ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၊ ငါးကွမ်းရှပ်(ငါးညို) တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀၀၊ ငါးပြေမခြောက် တစ်ပိ ဿာလျှင် ငွေကျပ် ၄၃၅၀၀၊ ငါးလိပ်ခြောက် တစ်ပိဿာလျှ င် ငွေကျပ် ၄၀၅၀၀၊ ငါးတန်ခွန်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ အာပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ဈေးပေါက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here