သန်းခေါင်စာရင်းကို စာရင်းကောက်သူ လေးသောင်းကျော်ဖြင့် ဆောင်ရွက်မည်

0
104

မကြခင် ကောက်ယူတော့မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် စာရင်းကောက်ယူရာတွင် စာရင်းကောက်သူ လေးသောင်းကျော်ဖြင့် ဆောင်ရွက်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

ဩဂုတ် (၂၁) ရက်၌ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၂၄ ခုနှစ်၌ ရှိသည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် အိမ်ထောင်စု (၁၃) သန်းကို အခြေခံ တွက်ချက်ကောက်ယူမှာဖြစ်ကာ သန်းခေါင်စာရင်းကောက်ယူရန် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃၀) ရက် ညသန်းခေါင်ယံ အချိန် သတ်မှတ်ထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကောက်ယူရာတွင် သန်းခေါင်စာရင်းကို နည်းပညာအသုံးပြုကာ Mobile Tabletများဖြင့် ကောက်ယူပြီး ရုံးချုပ်ကို Online စနစ်ဖြင့် ပေးပို့ဆောင်ရွက်မည်ဖြစ်သလို ရှေ့ပြေးလူဦးရေစာရင်းကို အချိန်တိုအတွင်း သိရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူမှုသည် မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အဓိကကျသည့် မှန်ကန်သော မဲစာရင်းပြုစုနိုင်ရေးအတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here