ဘီလာရုဇ်က တရုတ်တစ်ပြည်တည်းမူကို အကြွင်းမဲ့ထောက်ခံ

0
174

မင့်စ်ခ်၊ဩဂုတ် ၂၂

တရုတ်ဝန်ကြီးချုပ်လီချန်က တရုတ်သည် ဘီလာရုဇ်နှင့်လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့သကဲ့သို့ ဘီလာရုဇ်ကလည်း တရုတ်တစ်ပြည်တည်းမူဝါဒကို အကြွင်းမဲ့ထောက်ခံကြောင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည်။

တရုတ်နှင့်ဘီလာရုဇ်တို့၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို အလေးပေးပြောကြားခဲ့ပြီး တရုတ်သမ္မတရှီနှင့် ဘီလာရုဇ်သမ္မတ လူကာရှန်ကိုတို့၏ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ခဲ့သည်ဟုလည်း မစ္စတာလီက ပြောကြားခဲ့သည်။

ဘီလာရုဇ်ဝန်ကြီးချုပ် ရိုမန်ဂါလော့ဗ်ချန်ကိုကလည်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုများကြောင့် နှစ်ဖက်ဆက်ဆံရေးသည် ယခုနှစ်များအတွင်း ပိုမိုတိုးတက်ကောင်းမွန်လာပြီး ဆက်လက်၍လည်း မိတ်ဆွေကောင်း၊မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ဆောင်ရွက်သွားလိုကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ဘီလာရုဇ်အနေဖြင့် တရုတ်တစ်ပြည်တည်းမူဝါဒကို အခိုင်အမာထောက်ခံကြောင်းဆိုခဲ့ပြီး ဟောင်ကောင်၊ရှင်းဂျန်နှင့်ရှီဇိုင်းဒေသများနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံ၏ရပ်တည်ချက်အတိုင်း လိုက်နာကြောင်းကိုပါပြောကြားခဲ့သည်။

ထို့နောက် မစ္စတာလီနှင့်ရိုမန်တို့သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု၊နှစ်နိုင်ငံအခြေခံသိပ္ပံသုတေသနဌာနနှင့် ဘီလာရုဇ်အမျိုးသားစာကြည့်တိုက်အတွက် တရုတ်စာအုပ်နှင့်ပတ်သက်သည့်စင်တာကို တည်ထောင်မည့်အကြောင်းလည်း ပူးတွဲကြေငြာခဲ့ကြသည်။

Source : ရှင်ဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here