မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် တင်မြှောက်ခံရသူများနှင့် ရွေးချယ်ခံခွင့်ရှိသူများစာရင်းကို အသိပေးကြေညာ

0
365

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် သတင်းမီဒီယာကောင်စီ အသစ်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများ တင်သွင်းနိုင်ရန် ပြီးခဲ့သော ဇူလိုင်(၃၀)ရက်၌ နောက်ဆုံးတင်သွင်းရန် ဖိတ်ခေါ်ထားရာ အဆိုပြုလွှာပေးပို့လာသူ (၅၈)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အသိပေးကြေညာထားသည်။

ထိုသို့ အသိပေးကြေညာရာတွင် သတင်းမီဒီယာဉပဒေ ပုဒ်မ (၁၃)၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကောင်စီဝင်အဖြစ် အမည်စာရင်းပေးပို့ခံရသူ (၃ )ဦးရှိပြီး ၎င်းတို့မှာ ဒေါက်တာတင်ထွန်းဦး၊ ဦးခင်မောင်ကျော်ဒင်၊ ဦးခင်မောင်ဇော် တို့ဖြစ်သည်။

ထို့အတူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ်ဖွဲ့စည်းရန် ကောင်စီဝင်အရေအတွက်အချိုးအစားအရ ပေးပို့လာသည့်နယ်ပယ်ကိုယ်စားပြုသူ (၁၀)ဦး ပါဝင်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဆိုပြုလွှာပေးပို့လာသူ (၅၈) ဦး ၏ အဆိုပြုလွှာများအပေါ် သတင်းမီဒီယာနည်းဥပဒေများအရ သတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (၂/၂၀၂၄)အရ (၉)ဦးကို သတင်းမီဒီယာ ကောင်စီဝင်များအဖြစ် အဖွဲ့မှ ရွေးချယ်ရန်ဆုံးဖြတ်ခဲ့ကြောင်း အသိပေးကြေညာချက်တွင်ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်ပွဲကျင်းပပြုလုပ်ပြီး ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည့် တစ်ဦးချင်း ကိုယ်စားလှယ်လောင်းမှာ (၁၄)ဦး ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် အဆိုပြုလွှာပေးပို့လာသူများအနက် သတ်မှတ်ထားသည့်အချက်အလက်အထောက်အထား ပြည့်စုံမှုမရှိခြင်း၊ သတင်းမီဒီယာနည်းဥပဒေပါ သတ်မှတ်နယ်ပယ်နှင့် ကိုက်ညီမှုမရှိခြင်းစသည့်စီစစ်တွေ့ရှိမှုများကြောင့်အဖွဲ့၏ သဘောတူ ဆုံးဖြတ်မှုဖြင့် (၃၄) ဦးအားပယ်ခဲ့ကြောင်း ကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here