ယူကရိန်းအတွက် ကန်ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီအသစ် အမေရိကန်က ကြေညာနိုင်

0
343

ယူကရိန်းအတွက် ဒေါ်လာ ၁၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီ ပက်ကေ့ခ်ျအသစ်ကို အမေရိကန်က သောကြာနေ့တွင် ကြေညာဖွယ်ရှိကြောင်း အေပီသတင်းအေဂျင်စီက အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အစီရင်ခံစာအရ အဆိုပါပက်ကေ့ခ်ျအသစ်တွင် လေကြောင်းရန်ကာကွယ်ရေးဒုံးများ၊ HIMARS အဆင့်မြင့်ဒုံးပစ်စနစ်များ၊၊ Javelin တင့်ဖျက်လက်နက်များ၊ တန်ပြန်ဒရုန်းနှင့် အီလက်ထရွန်းနစ် တန်ပြန်စစ်ဆင်ရေးစနစ်များနှင့် ကိရိယာများအပြင် ၁၅၅ မမ နှင့် ၁၀၅ မမ အမြောက်ကျည်များ ပါဝင်နိုင်သည်။

အိမ်ဖြူတော်ရှိ အမျိုးသားလုံခြုံရေးကောင်စီ၏ မဟာဗျူဟာဆက်သွယ်ရေးညှိနှိုင်းရေးမှူး ဂျွန်ကီယာဘီ က အမေရိကန်သည် လာမည့်သီတင်းပတ်များအတွင်း ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီများ ပေးအပ်ရန် စီစဉ်နေကြောင်း သြဂုတ် ၁၅ ရက်က ပြောကြားခဲ့သည်။

ယင်းမတိုင်မီတွင် အမေရိကန်သည် ယူကရိန်းအား Joint Air-to-Surface Standoff Missiles (JASSM) ကို ပေးအပ်ရန် စီစဉ်နေကြောင်း Politico သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို အိမ်ဖြူတော်၊ နိုင်ငံခြားရေးဌာနနှင့် ကာကွယ်ရေးဌာနတို့က အကြောင်းမပြန်ခဲ့ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here