စနေ၊ တနင်္ဂနွေ အားလပ်ရက်များ၌ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် မိုးထစ်ချုန်းရွာမည်

0
160

စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင် နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ နေရာအနှံ့အပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြော င်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ် (၂၃) ရက်၊ ည(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေသောကြောင့် မနက်ဖြန်မွန်းတည့်ချိန်အထိ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

နောက်(၂)ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်ရှိမည်ဖြစ်ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက် ယနေ့မွန်းတည့်ချိန်အထိ မိုးအသင့်အတင့် ထစ် ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် မန္တလေး အနီးတစ်ဝိုက်တွင်လည်း ယနေ့မွန်းတည့်ချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here