ကေတုမတီ နန်းတော်ရာ အတည်ပြုပြီး၍ရွေ့ရမည့်အဆောက်အဦးများအား မြို့ကွက်သစ်ဖော်ကာ ရွှေ့မည်

0
91

တောင်ငူမြို့ရိုးနှင့် ကေတုမတီနန်းတော်ရာတို့မှာ ရှေးဟောင်းအမွေအနှစ်နန်းတော်ရာဖြစ်သောကြောင့် သမိုင်းကြောင်းအရ အထောက်အထားသေချာသည့်နေရာများကို ပြန်လည်ဖော်ထုတ်သွားရန်လိုအပ်ပြီး ယဉ်ကျေးမှုအမွေအနှစ်နေရာများအား ဥပဒေနှင့်အညီ ထိန်းသိမ်းသွားကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဩဂုတ်လ (၂၃) ရက်က ကေတုမတီမြို့ဟောင်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစဉ် ကေတုမတီ နန်းတော်ရာနှင့်ပတ်သက်၍ အတည်ပြုသည့် နေရာများ၊ ဘုတ်တလုတ်ကန်နေရာများကို ပြန်လည်ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို ၄င်း က မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြို့ကွက်အသစ်များ ဖော်ထုတ်ခြင်းနှင့် ရွှေ့ပြောင်း၍ရသည့် အစိုးရရုံးဌာနဆိုင်ရာ အဆောက်အဦများကို ဦးစွာပြောင်းရွှေ့သွားရန်လိုကြောင်းလည်း ဆက်လက်မှာကြားခဲ့သည်။

ကေတုမတီမြို့ဟောင်းဆိုင်ရာ အချက်အလက်များနှင့် သမိုင်းအထောက်အထားများ၊ မြို့ဟောင်းမြို့ရိုးနှင့် ကျုံးတို့၏ တည်ရှိမှု အခြေအနေများ၊ ကေတုမတီနန်းတော်နေရာအား ကွင်းဆင်းလျာထားဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့လေးခံတပ်ဆိုင်ရာ အချက်အလက်များ၊ မြို့ရိုးနှင့်ကျုံးကို တူးဖော်သုတေသနပြု‌ဆောင်ရွက်နေမှု အခြေအနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက တင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တင်ပြမှုနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌက မြို့ရိုးနှင့်ပတ်သက်၍ တူးဖော်သုတေသနပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျ င်သူများဖြင့် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ မြို့ရိုးများ၊ မြို့ရိုးဝင်ပေါက်များနှင့် တံတားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းတည်ဆောက်မှုများ ပြုလုပ်ရာတွင် ဖြစ်နိုင်ဖွယ်ရာ အချက်အလက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျုံးနှင့်တံတားများကို ဦးစားပေးအနေဖြင့်ဆောင်ရွက်ပြီး ထိုမှတဆင့် မြို့ရိုးများ၊ နန်းတော်ရာနေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းဆော င်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here