လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs များတွေ့ဆုံဆွေးနွေး

0
146

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နေပြည်တော်တွင် တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ယမန်နေ့ ဩဂုတ်(၂၃)ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးစဉ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တွေ့ ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများအားရှင်းလင်းဆွေးနွေးခဲ့သလို ဒေသဖွံ့ဖြိုးမှု အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဘက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဗဟိုဆက်ဆံရေးဌာနမှူးစောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)မှ ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here