ရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကိဗ်ကို မိုဒီတိုက်တွန်း

0
281

ကိဗ်၊ဩဂုတ် ၂၃

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာမိုဒီသည် ယူကရိန်းခရီးစဉ်အတွင်း ယူကရိန်းသမ္မတဇလန်းစကီးကို ရုရှားသမ္မတ ဗလားဒီးမား ပူတင်နှင့် မျက်နှာချင်းဆိုင်ဆွေးနွေးပြီး စစ်ပွဲရပ်နိုင်ရန် နှစ်ဖက်စလုံးက ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုဒီက ၎င်းအနေဖြင့်ယူကရိန်းသို့လာရောက်ခြင်းသည် ငြိမ်းချမ်းရေးအတွက်သာမက ယူကရိန်းနှင့်ရုရှားတို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းပေးလိုကြောင်း ပြောခဲ့သည်။

“ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက်က ဆွေးနွေးခြင်းနဲ့သံတမန်နည်းလမ်းတွေကိုသာအသုံးပြုမှရမှာမို့ အချိန်ကုန်မခံဘဲ အဲ့ဒီနည်းလမ်းအတိုင်း အကောင်အထည်ဖော်ကြရအောင်ပါ” ဟုလည်း မစ္စတာမိုဒီကတိုက်တွန်းပြောကြားခဲ့သည်။

“ဆက်လက်ပြီး ရုရှားနဲ့ယူကရိန်းအကြားမှာငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် အိန္ဒိယအနေနဲ့ ကိုယ်စွမ်းရှိသမျှ တက်တက်ကြွကြွပါဝင်ဆောင်ရွက်သွားပြီး မိတ်ဆွေကောင်း အိမ်နီးချင်းကောင်းဖြစ်စေရပါမယ်” ဟုလည်းဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းဘက်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သော်လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်ကမူ ကာ့စ်ဒေသသို့ ယူကရိန်း၏တိုက်ခိုက်မှုများကြောင့် တွေ့ဆုံဆွေးနွေးနိုင်မည့်အခြေအနေမှာနည်းပါးနေသေးသည်ဟုဆိုသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here