ရုရှား စနိုက်ပါသမားများက ဓ-ါးစာခံဖမ်းထားသူများကို ပ-စ်သ-တ်ခဲ့

0
113

ရုရှားနိုင်ငံ Volgograd ဒေသရှိ အကျဉ်းထောင်တစ်ခုတွင် ဓ-ါးစာခံများကိုဖမ်းဆီးခဲ့သည့် အကျဉ်းသားလေးဦးကို လုံခြုံရေးတပ်ဖွဲ့က ပ-စ်သ-တ်ခဲ့သည်ဟု ရုရှားတာဝန်ရှိသူများက သောကြာနေ့တွင် ပြောဆိုသည်။

ဓ-ါးစာခံလုပ်ခဲ့သူများသည် သူတို့ကိုယ်သူတို့ အိုင်အက်စ် စစ်သွေးကြွများဟု ပြောဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခုကို အွန်လိုင်းတွင် တင်ခဲ့ကြသည်။ အဆိုပါ ထောင်အပိုင်စီးမှုတွင် အကျဉ်းထောင်ဝန်ထမ်းလေးဦး ဓ-ါးထိုးသ-တ်ဖြ-တ်ခံခဲ့ရပြီး အချို့ကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

စုစုပေါင်း ထောင်ဝန်ထမ်း ၈ ဦးနှင့် အကျဉ်းသား လေးဦး သည်ဓ-ါးစာခံဖြစ်ခဲ့ရသည်ဟု ပြည်‌ေထာင်စုအကျဉ်းဦးစီးဌာနက ပြောဆိုသည်။ ဖြစ်စဉ်အတွင်း သ-တ်ဖြ-တ်ခံခဲ့ရသူများသည် သွေးအိုင်ထဲ လဲကျနေခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးသည် လည်ပင်းကို ဓါးဖြင့်လှီးခံထားရသည်ကို ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

ထောင်အပိုင်စီးခဲ့သည့် အကျဉ်းသားများသည် ဓါးများနှင့် မိုဘိုင်းလ်ဖုန်းများကို မည်သို့ ရရှိခဲ့ကြသည်ကို ရှင်းရှင်းလင်းလင်း မသိရ ေသးပေ။

ရုရှားနိုင်ငံတွင် မကြာသေးခင်အချိန်များအတွင်း က အစ္စလာမ်မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများလာခြင်းနှင့် ပတ်သက်၍ လုံခြုံရေးကိုမေးခွန်းထုတ်မှုများ လာခဲ့သည်။
ပြီးခဲ့သော ဇွန်လအတွင်းက ရော့စ်တော့ဗ်ဒေသတွင် အိုင်အက်စ် ဆက်နွယ်သော ထောင်ဆူပူမှုဖြစ်ပွားခဲ့ရာ၌ ဓါးစာခံဖမ်းဆီးခဲ့သော အကျဉ်းသား ခြောက်ဦးကို ပစ်သတ်ခဲ့သည်။

ထို့အပြင် မတ်လအတွင်းက မော်စကိုမြို့အနီးရှိ Crocus စီးတီးကပွဲခန်းမကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယာဟူးနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here