တောင်တရုတ်ပင်လယ်မှ ဖိလစ်ပိုင်လေယာဉ်နှစ်စင်းကိုတန်ပြန်တိုက်ခိုက်–တရုတ်

0
426

ပေကျင်း၊ဩဂုတ် ၂၃

တောင်တရုတ်ပင်လယ်ပြင်မှ ၎င်း၏လေပိုင်နက်ထဲသို့ ပျံသန်းဝင်ရောက်လာသည့် ဖိလစ်ပိုင်စစ်လေယာဉ်နှစ်စင်းကို တရုတ်ဘက်က တန်ပြန်အရေးယူမှုများပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“ဩဂုတ်လ ၂၂ ရက်နေ့က တရုတ်တပ်စွဲထားတဲ့ စူဘီကျောက်တန်းအပါအဝင် နန်ရှာကျွန်းအနီးတစ်ဝိုက်က လေပိုင်နက်ထဲကို ဖိလစ်ပိုင်စစ်လေယာဉ်နှစ်စင်း ကျူးကျော်ဝင်ရောက်လာတာပါ” ဟု ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးကို ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ လိုအပ်သောတန်ပြန်အရေးယူမှုများ ကို ပြုလုပ်ခဲ့ကြောင်းထပ်လောင်းပြောကြားခဲ့သည်။

ဖိလစ်ပိုင်လေယာဉ်နှစ်စင်းကို မည်ကဲ့သို့တုန့်ပြန်ခဲ့သည်ဟူသောအချက်ကိုမူ တရုတ်က ထုတ်ပြန် ပြောကြားခဲ့ခြင်းမရှိသော်လည်း ၎င်းတို့အနေဖြင့် နည်းမှန်လမ်းမှန်၊ထိန်းထိန်းသိမ်းသိမ်းသာ ပြန်လည်တုန့်ပြန်ခဲ့သည်ဟုလည်းဆိုခဲ့သည်။

ဆက်လက်၍လည်း တရုတ်အနေဖြင့် ၎င်း၏ပိုင်နက်နယ် ေမြ၊ အချုပ်အခြာအာဏာနှင့် ရေကြောင်းပိုင်ဆိုင်မှုအခွင့်အရေးများကို အခိုင်အမာဆက်လက်ကာကွယ်သွားမည်ဖြစ်ကာ ချိုးဖောက်မှုမှန်သမျှအား ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဟူ၍လည်းပြောကြားခဲ့သည်။

တရုတ်သည်တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်အခိုင်အမာေပြာဆိုထားသော်လည်း ဖိလစ်ပိုင်အပါအဝင် ကျန်နိုင်ငံများကမူ ထိုသို့ ပြောကြားခြင်းသည် ယုတ္တိမရှိကြောင်းငြင်းဆိုထားပြီး ဖိလစ်ပိုင်နှင့်တရုတ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here