“ဝ” – တရုတ် နယ်စပ်ဂိတ်ကို တရုတ်အစိုးရမှပိတ်

0
385

ဩဂုတ် ၂၄ ရက်နေ့ ညနေပိုင်းမှစတင်၍ “ဝ” – တရုတ် နယ်စပ်ဂိတ်ကို တရုတ်အစိုးရမှပိတ်လိုက်ကြောင်း အဆိုပါဒေသမှစုံစမ်းသိရှိရသည်။

ယမန်နေ့ညနေမှစတင်၍ တရုတ်မြန်မာနယ်စပ်ဂိတ်ဟူသမျှ ကိုးကန့်ဘက်-“ဝ”ဘက်-မိုင်းလားဘက်-ကချင်ပြည်နယ်ဘက် မြန်မာနယ်စပ်ဂိတ်တွေကို ကားပစ္စည်းများနှင့်အခြားသော ပစ္စည်းအများအပြားကုန်စည်တွေတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပါပြီဟု တရုတ်မှကြေညာလိုက်ပါပြီ ဆိုသောသတင်းများထွက်ပေါ်နေသည့်အပေါ် “ဝ” ဒေသသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဝ”ပြည်နမ့်တစ်မြို့နားက”မန်ခါး”ဂိတ်စပိတ်တယ်တခြားဂိတ်တော့ပုံမှန်အတိုင်းဖွင့်နေသေးတယ် ဟု ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံသို့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ခရီးစဉ်ပြီးနောက်ပိုင်း ယင်းကဲ့သို့ ပိတ်လိုက်ခြင်းဖြစ်သည်။

“ဝ” ပြည်၏ မန်ခါးဂိတ်ကို ဩဂုတ် ၁၈ ရက်မှစတင်ကာ ကုန်ပစ္စည်း အဝင်အထွက် စတင်တင်းကြပ်လာပြီး ယမန်နေ့တွင် ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဂိတ်သည် “ဝ” ပြည်တစ်ခုတည်းနှင့်သာကုန်သွယ်ခြင်းဖြစ်ပြီး မြန်မာ – တရုတ်ကုန်သွယ်ရေးဂိတ်များနှင့်သက်ဆိုင်မှုမရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here