ထိုင်းလိဂ်-၂ ကန်ချနဘူရီ အသင်းအတွက် ပထမဆုံး သွင်းဂိုး ရယူပေးခဲ့သည့် လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်

0
69

ယခုနှစ် ကျင်းပနေသည့် ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ကန်ချနဘူရီအသင်းအတွက် ပထမဆုံးသွင်းဂိုးကို မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်က သွင်းယူပေးခဲ့သည်။

ယခုလ ဩဂုတ်လ(၂၃)ရက် ညနေပိုင်းအချိန်က ထိုင်းလိဂ် -၂ ကလပ်ဖြစ်သည့် ချိုင်းနက်အသင်းနှင့် ကန်ချနဘူရီ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် သန်းပိုင်းက အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးသွင်းယူမှုသည် သန်းပိုင်၏ ယခုနှစ်ရာသီအတွင်း ပထမဆုံ သွင်းယူပေးနိုင်ခဲ့သည့် သွင်းဂိုးဖြစ်ပြီး၊ ပွဲစဉ်အတွင်း အရေးပါသည့် ချေပဂိုးကို သွင်းယူပေးခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ ပွဲစဉ်အတွင်း တစ်ဖက်နှစ်ဂိုးစီဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ကာ၊ ကန်ချနဘူးရီအသင်းအနေဖြင့် ထိုင်းလိဂ်-၂ ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာ (၂)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ်ရရှိခဲ့ပြီး ရမှတ် (၂)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁၃)နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

သန်းပိုင်သည် ပြီးခဲ့သည့် ထိုင်းလိဂ် ဘောလုံးရာသီအကုန်အထိ ချင်းမိုင်ယူနိုက်တက်အသင်းတွင် ကစားခဲ့ပြီး‌နောက် ကန်ချနာဘူရီပါဝါအက်ဖ်စီကို ပြောင်းရွှေ့ခဲ့လာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here