သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်တွင်ရှိနေ၍ ဘားအံမြို့နှင့် မဒေါက်မြို့ သတိရှိဖို့လို

0
149

ယနေ့မြန်မာစံတော်ချိန် နံနက် (၇) နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄.၆၁ ပေ(၇၅၀ စင်တီမီတာ) အထက်သို့ ပေဝက်ခန့် (၁၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း (၁) ပေခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့ ၏ စိုးရိမ်ရေမှတ် ၃၅.၁၀ ပေ(၁၀၇၀ စင်တီမီတာ) အထက် သို့ (၁)ပေခန့်(၂၇ စင်တီမီတာ)ကျော်လွန်ရောက်ရှိနေကြော င်း၊ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း (၁) လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဘားအံမြို့နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်‌ကြရန် အကြံပြုထားသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး အဆိုပါ မိုးသည်းထန်မှုကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်စသည့် မြစ်ရေများသည် လက်ရှိရေအမှတ်အထက် အနည်းဆုံး (၁) ပေမှ အများဆုံး (၃) ပေအထိတက်လာနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here