မြန်မာ-ထိုင်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆွေးနွေး

0
350

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ မြန်မာ – ထိုင်း (၂) နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် (၂ ၃) ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump ဦးဆောင်သောအဖွဲ့နှင့် ပြည်နယ် အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး ဦးဆောင်သောအဖွဲ့တို့က နှစ်နိုင်ငံစီးပွားရေးဖွံ့ ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ချစ်ကြည်ရေး တံတားဂိတ်မှ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး လမ်းကြောင်းများတွင် ကုန်စည်စီးဆင်းမှုဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump နှင့် အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံလေဆိပ်နှင့် ကျိုင်းတုံ – တောင်ကြီး လမ်း တွင် ကုန်စည်ပို့ဆောင်မှု အခြေအနေများသွားရောက်ကြည့်ရှုခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here