မြဝတီအမျိုးသမီးအသင်းနှင့် အိမ်ရှင် ဆော်ဒီကလပ် Al nassr အသင်းနှင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည်

0
67

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲစဉ်အတွက် လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဆော်ဒီအမျိုးသမီး Alnassr အသင်းတို့ ဩဂုတ်(၂၆)ရက် မြန်မာစံတော်ချိန် နံနက် (၁)နာရီတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းအနေဖြင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ဩဂုတ်(၂၃)ရက် နံနက်ပိုင်းက မြန်မာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်မြို့သို့ ထွက်ခွာသွားခဲ့ပြီး ယမန်နေ့ ဩဂုတ် (၂၄)ရက် ညပိုင်းတွင် official training လေ့ကျင့်ခဲ့ကြသည်။

မြဝတီအမျိုးသမီးအသင်းအနေဖြင့် ခြေစစ်ပွဲအဆင့်၌ဆော် ဒီကလပ် အယ်လ်နာဆာ၊ ယူအေအီးကလပ် အဘူဒါဘီကန်းထရီးကလပ်၊ လာအိုကလပ်ဖြစ်သည့် ယန်းအဲလီးဖန့် အသင်းများနှင့်ရင်ဆိုင်ယှဥ်ပြိုင်သွားရမည်ဖြစ်သည်။

မြဝတီအမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် (၂၆) ရက် မြန်မာစံတော်ချိန် နံနက် (၁)နာရီ အချိန်တွင် အိမ်ရှင် ဆော်ဒီကလပ် Alnassr အသင်း၊ ဩဂုတ် (၂၈)ရက် မြန် မာစံတော်ချိန် ည (၉) နာရီတွင် ယူအေအီးကလပ် Abu Dha bi Country Club အသင်းနှင့်လည်းကောင်း၊ ဩဂုတ် (၃၁) ရက် မြန်မာစံတော်ချိန် (၁၁)နာရီ အချိန်တွင် လာအိုကလပ် Young Elephants အသင်းတို့နှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။

အဆိုပါ ခြေစစ်ပွဲစဉ်သို့ မြဝတီအမျိုး သမီးအသင်းတွင် အု ပ်ချုပ်/နည်းပြအဖွဲ့ဝင် (၇) ဦး၊ ကစားသမား (၁၈) ဦး လိုက် ပါသွားကြောင့် အဖွဲ့ချုပ်က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here