ပါကစ္စတန်၌ ယာဉ်မတော်တဆမှုနှစ်ခုကြောင့် လူ ၃၅ ဦး‌ေ-သဆုံး

0
112
The wreckage of a bus is pictured at the site of an accident that killed 23 people after the bus plunged into a ravine at Soon village near Kahuta, Punjab province on August 25, 2024. - At least 35 people were killed in two separate bus accidents in Pakistan on August 25, including 12 pilgrims who had been trying to reach Iran, rescue and hospital officials said. (Photo by Aamir QURESHI / AFP)

ရာဝယ်လ်ပင်ဒီ၊ဩဂုတ် ၂၅

ပါကစ္စတန်နိုင်ငံ၌ ဩဂုတ်လ ၂၅ ရက်နေ့တစ်နေ့တည်း၌ ယာဉ်မတော်တဆမှုနှစ်ခုဖြစ်ပွားရာ လူပေါင်း ၃၅ ဦး‌ေ-သဆုံးခဲ့ကြောင်းသိရသည်။‌ေ-သဆုံးသူများထဲတွင် ဘုရားဖူးခရီးသည် ၁၂ ဦးပါဝင်ပြီး ၎င်းတို့သည် အီရန်သို့ဘုရားဖူးထွက်လာသူများဖြစ်ကြောင်းလည်းသိရှိရသည်။

ပထမမတော်တဆမှုသည် ဘတ်စ်ကားတစ်စီးက ရာဗင်မြစ်ထဲသို့ကျ၍ လူပေါင်း ၂၃ ဦး‌ေ-သဆုံးခဲ့ရပြီး ‌ေ-သဆုံးသူ ၂၃ ဦးလုံး၏ ရုပ်အလော-င်းများကို ပြန်ဆယ်ယူရရှိထားပြီးဖြစ်ကြောင်းလည်းသိရသည်။

ဒုတိယမတော်တဆမှုတွင် ဘတ်စ်ကား တစ်စီးသည် လျှိုထဲသို့ ကျခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါခရီးသည်များအနက် ၁၂ ဦး‌ေ-သဆုံးခဲ့ကြောင်းသိရသည်။ကယ်ဆယ်ရေးယာဉ်များနှင့် ကရိန်းများက ကားကိုဆွဲတင်နိုင်ရန်ကြိုးပမ်းလျက်ရှိပြီး အကယ်၍ ယာဉ်အောက်တွင်ပိတ်မိနေသည့်သူများရှိလျှင် ‌ေ-သဆုံးသူ ဦးရေသည်ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးကလည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းပြောကြားခဲ့ပြီး မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်းလည်းပြောကြားခဲ့သည်။

Ref 1 : အေအက်ဖ်ပီ
Ref 2 : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here