နယ်မြေဒေသလုံခြုံရေးအတွက် ရပ်/ကျေးနှင့် လမ်းများအလိုက် လုံခြုံရေးစနစ်များ အကောင်အထည်ဖော်မည်

0
102

လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက်ထိခိုက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည့်အတွက် ရပ်ကွက်၊ ကျေးရွာများနှင့် လမ်းများအလိုက်လုံခြုံရေး စနစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ ဩဂုတ်လ (၂၅) ရက် ၊ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းအဆင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လုံခြုံရေး People Security ၊ Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ရပ်ကွက်အလိုက်၊ကျေး ရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့်ဒေသ ရပ်ကွက်၊ကျေးရွာ များအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များတည် ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသလုံခြုံရေးအတွက် များစွာအကျိုးရှိထိရောက်စေမည်ဖြစ်ကြောင်း၊ ပြ ည်သူ့လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များ ပြုလုပ်၍ အပြန်ပြန်အလှန်လှန်စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်သည့်တွေ့ဆုံပွဲတွင် နစက ဥက္ကဋ္ဌ အနေဖြင့် စီး ပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများအပါအဝင် ‌လုံခြုံရေး ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ၊ သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်များကို အကျယ်တဝင့် ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။

လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ အမျိုးသားများကို ရက်တိုစစ်သင် တန်းပေးကာ ရပ်ကွက်နှင့်ကျေးရွာများ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်စေမည့် ဆိုသည့် ထင်ကြေးများလည်းပေါ်ထွက်နေရာ သေချာသော ကြေငြာချက် ထွက်ရှိလာခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here