ဆီဆိုင်တွင် ယခုလအတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ (၃,၀၀၀)ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်ရပြန်

0
249

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ဩဂုတ်လအတွ င်း နှစ်ဘက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူ (၃,၀၀၀)ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုဒေသ တွင်းသတင်းရင်းမြစ်များထံက သိရသည်။

ထို့သို့ ထွက်ပြေးတိမ်းရှောင်ရသည့် ဒေသခံပြည်သူ (၃,၀၀၀)အနက် အများစုမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး ၊၎င်းတို့မှာ တောတောင်များအတွင်း သွားရောက်ခိုလှုံနေကြရခြ င်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါ စစ်ရှောင်များမှာ စားနပ်ရိက္ခာနှင့်အမိုးအကာ အရေးပေါ် အကူအညီလိုအပ်နေပြီး၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကူအညီပေးကြရန် လိုအပ်ကြောင်း ဒေသတွင်း စစ်ရှောင်အရေးဆောင်ရွက်နေသူ တစ်ဦးထံက သိရသည်။

“စားသောက်ကုန်တွေနဲ့ အမိုးအကာတွေ လိုအပ်တာပေါ့။ သယ်ယူခွင့်တွေလည်း ပိတ်ထားတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ လာပြီးကူညီမှ အဆင်ပြေနိုင်မယ်”ဟု ၎င်းက ပြောသည်။

ယခုလ တိုက်ပွဲအတွင်း နှစ်ဘက်ထိတွေတိုက်ပွဲများ၊ လေကြောင်း ပစ်ကူပေးခြင်းများကြောင့် ဆီဆိုင်မြို့နယ် မီရဲ့ကျေးရွာ၊ ထီရီးပွဉ်ရင်း ကျေးရွာ ၊ ပန်အောင်ကျေးရွာနှင့် လွယ်ထွယ်ကျေးရွာတို့တွင် ဒေသခံ လူနေအိမ်နှင့် ဒေသခံအ ချို့ထိခိုက်ပျက်စီး အသက်ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လ(၁)ရက်မှ ဩဂုတ် (၂၄) ရက်အထိ နှစ်ဘက်ထိတွေ့တိုက်ပွဲ (၁၄)ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here