နစက လက်ထက်တွင် သယံဇာတ ပစ္စည်းများ ပြည်ပတင်ပို့ခြင်းကို တတ်နိုင်သမျှ လျှော့ချခဲ့ဟုဆို

0
127

နစကအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပသို့ သယံဇာတပစ္စည်းများ တတ်နိုင်သမျှ လျှော့ချတင်ပို့ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ ဩဂုတ်လ (၂၅) ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာ ဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံလိုအပ်ချက်ဖြစ်သည့် စားသောက်ကုန်ပစ္စည်းများကို ဒေသတွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ခေတ်အ ဆက်ဆက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများအားနည်းခဲ့ပြီး ပြည်ပပို့ကုန်နှင့် ပြည်ပသွင်းကုန်များတွင် ပြည်ပသွင်းကုန်များ ပိုမိုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပမှတင်သွင်းရမှုများ များပြားခဲ့သဖြင့် နိုင်ငံခြားငွေလိုအပ်ချက်များဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် မိမိတို့အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင်သယံဇာတပစ္စည်းများ တတ်နိုင်သမျှတင်ပို့ခြင်းမရှိခဲ့ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် ထွက်ကုန်များကို ပိုမိုတင်ပို့ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးနှင့် သီးထပ်စွမ်းအား အနည်းဆုံး ၂၀၀ ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း ဒေသအလိုက် တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်းများကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here