ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

0
62

သြဂုတ် (၂၅)ရက်၊ ည (၈)နာရီခွဲအချိန်ခန့်က
ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းတွင် Level 1 အဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သာကေတမြို့နယ်မီးသတ်ဦးစီးဌာ န၊ အရှေ့ပိုင်းခရိုင်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ည (၈)နာရီ (၄၀)မိနစ်အချိန်တွင် မီးလောင်မှုကို Level 1 အဆင့် ယာဉ်အုပ်စုများထွက်ခွာ၍ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ ရေဘောက်ဆာအကူအညီပေးခြင်း၊ Medical Cover ပေးခြင်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းကူညီပေးခြင်းစသည်တို့အား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည (၈)နာရီ (၄၁)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၈)နာရီ (၄၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here