အာရှအမျိုးသမီး ချန်ပီယံလိဂ် အုပ်စုအဖွင့် ခြေစစ်ပွဲ မြဝတီအမျိုးသမီးအသင်း ဂိုးပြတ်ဖြင့် ရှုံးနိမ့်

0
66

အာရှအမျိုးသမီး ချန်ပီယံလိဂ်အုပ်စုအဖွင့် ခြေစစ်ပွဲစဉ်တွင် မြဝတီအမျိုးသမီး ဘောလုံးအသင်းနှင့် အိမ်ရှင် ဆော်ဒီအမျိုးသမီး Al nassr အသင်းတို့ ယနေ့ဩဂုတ် (၂၆)ရက် မြန်မာစံတော်ချိန် နံနက် (၁)နာရီတွင် ယှဉ်ပြိုင်ကစားကြရာ မြဝတီအမျိုးသမီးအသင်းမှာ ပြိုင်ဘက်အသင်းအား ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ပွဲပြီးဆုံးချိန်တွင် ပြိုင်ဘက်အသင်းဖြစ်သည့် ဆော်ဒီအမျိုးသမီး Al nassr အသင်းက (၃)ဂိုးသွင်းယူခဲ့ပြီး၊ မြန်မာအသင်းအနေဖြင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။

အဆိုပါ ခြေစစ်ပွဲစဉ်များအားလုံးကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး အုပ်စုအတွင်း မြဝတီ အသင်း၊ ဆော်ဒီကလပ် အယ်လ်နာဆာ၊ ယူအေအီးကလပ် အဘူဒါဘီကန်းထရီးနှင့် လာအိုကလပ် ယန်းအဲလိဖန့်အသင်းတို့ ပါဝင်ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။

အုပ်စုအဖွင့်ပွဲစဉ်အပြီး၌ အာဆီယံကလပ်များဖြစ်သည့် မြန်မာကလပ် မြဝတီအက်ဖ်စီက အယ်လ်နာဆာကို ရှုံးခဲ့သလို လာအိုကလပ် ယန်းအဲလိဖန့်အသင်းကလည်း ယူအေအီးကလပ် အဘူဒါဘီကို (၂)ဂိုး (၁)ဂိုးနှင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြဝတီအက်ဖ်စီ အသင်းအနေဖြင့် ဩဂုတ်(၂၈)ရက် မြန်မာစံတော်ချိန် ည (၉) နာရီတွင် ယူအေအီးကလပ် Abu Dhabi Country Club အသင်းနှင့် အုပ်စု ဒုတိယပွဲဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်း ခြေစစ်ပွဲ ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပထမရသည့် အသင်းတစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်သဖြင့် အဖွင့်ပွဲရှုံးခဲ့သည့် မြဝတီအသင်းအနေဖြင့် ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက် နည်းပါးခဲ့ပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here