အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်စေလိုဟု နစက ဥက္ကဋ္ဌပြော

0
180

ပြည်တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။၊

မန္တလေးသို့ရောက်စဥ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရည်တိုးတက်ရေးနှင့် ပတ်သက်၍ ယခုပညာသင်နှစ်တွင် ကျောင်းတက်ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်ကိုတွေ့ရှိရသော်လည်း နိုင်ငံတစ်ဝန်းလုံး၏ ကျောင်းနေအရွယ်ရာခိုင်နှုန်း၏ ၇၀ ရာခိုင်နှုန်းခန့်သာရှိနေသေးကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အဆိုပါ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများကို အချိန်ပိုသင်ကြားပေးပြီး အတန်းပညာများ အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

ထို့ပြင် အခြေခံပညာအလယ်တန်းအဆင့်အထိ သင်ယူပြီးပါက ဘဝတိုးတက်ရေးအတွက်လိုအပ်သည့် အတတ်ပညာများကို ဆက်လက်သင်ယူနိုင်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း အဆင့်မြင့်ပညာ ဆက်လက်သင်ယူနိုင်ရေး ဆောင်ရွက်ပေးရမည့်အပြင် ပညာရေး၏ အရေးပါမှုကို သဘော ပေါက်နားလည်နိုင်စေရေး ပညာပေးခြင်း၊ စည်းရုံးခြင်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သဖြင့် နိုင်ငံအတွက်ပညာတတ်များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကိုအားပေးဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် တိုင်းနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူ (၆,၆၇၂,၃၂၉) ဦး ကျောင်းအပ်နှံထားရှိပြီး (၆,၄၁၄,၇၉၉) ဦး တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here