ဟဲဟိုးမြို့တွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွား၊ မီးလောင်မှုမဖြစ်စေရေး အချိန်(၄)နာရီကျော်ကြာ အအေးပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရ

0
255

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့အနီး မိုင်တိုင်အမှတ် (၈ ၈/၇)နှင့် (၈၈/ဝ)ကြားတွင် ဆီဘောက်ဆာယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားရာ မီးလောင်မှုမဖြစ်ပွားစေရေး အချိန် (၄) နာရီကျော်ကြာ ရေမှုန်ရေမွှား ပက်ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ သြဂုတ် (၂၅)ရက်၊ ည (၇)နာရီ (၃၃)မိနစ် အချိန်ခန့်က ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော NIS SAN UD QUESTER အမျိုးအစား(အဖြူရောင်) ဆီဘောက်ဆာယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဟဲဟိုးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသ တ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဆီဘောက်ဆာယာဉ်အား မီးလောင်မှု မဖြစ်ပွားစေရေး ရေမှုန်ရေမွှားပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေမှုန်ရေမွှားပက်ဖျန်းခြင်းကို အချိန် (၄)နာရီ ကျော်ကြာ လုပ်ဆောင်ခဲ့ပြီး ည (၁၁)နာရီ (၅၃)မိနစ်အချိန်တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်ကလည်း ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအနီး မိုင်တိုင်အမှတ်(၇၆/၂) နှင့် (၇၆/၃)ကြားတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်တွင်ယာဉ်မောင်းနှင့် ယာဉ်အကူ (၂) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဒီဇယ်ဆီများလည်း ယိုဖိတ်ခဲ့ကြောင်း မီသတ်တပ်ဖွဲ့နှင့် နာရေးကူညီမှုအသင်း(အောင်ပန်း)တို့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here