ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နေလှန်းဆား ပိဿာချိန် (၈၅၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့

0
136

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နေလှန်းဆားပိဿာချိန် (၈၅၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ဇွန်လအတွင်း ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒေသထွက် နေလှန်းဆားပိဿာချိန် (၆၀၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ (၁) ရက်မှ (၃၁) ရက်အထိ နေလှန်းဆားပိဿာချိန် (၈၅၀၀၀)အထိ တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ဖျာပုံမြို့နယ်ဘက်မှထွက်သည့် နေလှန်းဆားများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချရသကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် မြို့နယ်များကိုလည်း တင်ပို့ရောင်းချကြောင်း သိရသည်။

လက်ရှိ ဩဂုတ်လတွင်လည်း ယခင်လကဲ့သို့ ပိဿာချိန်အများအပြား တင်ပို့ရောင်းချနေရပြီး ယခုလို အရောင်းအဝယ်ကောင်းလာသည့်အတွက် ဆားထုတ်လုပ်သည့်လုပ်ငန်းနှင့် ဆက်စပ်သည့်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိပြီး နေလှန်းဆား (၁၀) ပိဿာလျှင် ငွေကျပ် (၅၉၀၀၀)ထိ ဈေးပေါက်နေကြောင်း သိရသည်။

အဆိုပါ ဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိကသုံးပြုကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here