ဂျော်ဂျီယာတွင် အရောင်တော်လှန်ရေးတစ်ရပ် ပေါ်ပေါက်လာစေရန် အမေရိကန်က ကြံစည်နေဟု ရုရှားထောက်လှမ်းရေးပြောကြား

0
76

အောက်တိုဘာ ပါလီမန်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ “ဂျော်ဂျီယာ အိပ်မက် – ဒီမိုကရက်တစ် ဂျော်ဂျီယာ(Georgian Dream – Democratic Georgia)” ပါတီကို ရောင်စုံတော်လှန်ရေး(Color Revolution)တစ်ရပ် ပြုလုပ်ရန် အမေရိကန်က ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးထောက်လှမ်းရေးဌာန(SVR)က ဖွင့်ဟပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် အောက်တိုဘာ ၂၆ တွင်ကျင်းပမည့် ဂျော်ဂျီယာ ပါလီမန်ရွေးကောက်ပွဲမတိုင်မီ လက်ရှိ ဂျော်ဂျီယာနိုင်ငံ၏ အခင်းအကျင်းကိုအလွန်အမင်းမကျေနပ်ဖြစ်နေကြောင်းကိုလည်း SVRက ဆိုထားသည်။ “အမေရိကန်တွေဟာ ဂျော်ဂျီယာမှာ အရောင်တော်လှန်ရေး ပေါ်ပေါက်လာစေဖို့ ပြင်ဆင်နေတယ်” ဟု SVR မှ ထောက်ပြသည်။ ၎င်းတို့သည် အများသူငှာ မဲပေးရာတွင် ‘အတုအယောင် အထောက်အထားများ’ ပြုလုပ်ရန် စီစဉ်ထားပြီး ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုကြောင်း ကြေညာကာ အာဏာလွှဲပြောင်းရေး တောင်းဆိုရန်ကိုလည်း စီစဉ်နေကြကြောင်း SVR က ဆိုသည်။ သို့ရာတွင် ဂျော်ဂျီယာ ဥပဒေစိုးမိုးရေး အေဂျင်စီများအနေဖြင့်လည်း ဆန္ဒပြပွဲများကို နှိမ်နင်းရန် နှိုးဆော်ထားကြောင်း SVR က ပြောသည်။ တစ်ချိန်တည်းမှာပင် ဂျော်ဂျီယာအာဏာပိုင်များက “ငြိမ်းချမ်းသောနိုင်ငံသားများ”၏ ဆန္ဒပြပွဲများကို “အလွန်အကျွံ” အင်အားသုံးနှိမ်နင်းမှုဟု သတ်မှတ်ကာာ “ကြမ်းတမ်းသော”နိုင်ငံရေးနှင့်စီးပွားရေးတုံ့ပြန်များ ပြုလုပ်ရန်အတွက်ကိုလည်း အမေရိကန်တို့က ကြိုတင်အစီအစဉ်များချမှတ်လုပ်ဆောင်နေကြောင်း SVR ထောက်လှမ်းရေးအေဂျင်စီက ပြောကြားသည်။

အရောင်တော်လှန်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွင် “အနောက်နိုင်ငံများမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် မဲပေးခြင်းလုပ်ငန်းစဉ်ကို အနီးကပ်စောင့်ကြည့်ရန် လူအများအပြားကို စုဆောင်းနေကြသည်” ဟု SVR က အလေးပေးပြောကြားခဲ့သည်။ အမေရိကန်သည် နောက်ပိုင်းတွင် ‘ဦးဆောင်သူများ’ ဖြစ်လာရန် မျှော်လင့်ထားသည့် ဒေသတွင်း အတိုက်အခံ လူငယ်အသင်းများအတွက် လိုအပ်သောရန်ပုံငွေများ ထပ်မံပံ့ပိုးပေးနေကြောင်းကိုလည်း SVR က ထုတ်ဖော်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here