ပြင်းထန်သော ရေကြီးမှုနှင့်ပတ်သက်ပြီး ထိုင်းအာဏာပိုင်များ သတိပေး

0
309

မုတ်သုံးမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံတစ်ဝန်းမှာ ရေကြီး မြေပြိုမှုများ ဖြစ်ခဲ့ပြီး လူ ၂၂ ဦးထက်မနည်း ‌ေ-သဆုံးကာ ၁၉ ဦးဒဏ်ရာရခဲ့သည်ဟု တာဝန်ရှိသူများက သြဂုတ် ၂၆ တွင် ပြောဆိုသည်။ အိမ်ထောင်စု ၃၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကာ အချို့ပြည်နယ်များသည် ရေဘေးအန္တရာယ်ဆက်ရှိကြောင်း ၎င်းတို့က သတိပေးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ပြည်နယ်တစ်ဒါဇင်ခန့်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းဒေသတွင် မြေပြို၍ ‌ေ-သဆုံးခဲ့သူ ၁၃ ဦးရှိခဲ့ရာ၌ ရုရှားလူမျိုး ဇနီးမောင်နှံ၊ မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးတို့ ပါဝင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

ဝန်ကြီးချုပ် ပေတုံတန်သည် သီတင်းပတ်ကုန်ပိုင်းက နိုင်ငံမြောက်ပိုင်း နန်ပြည်နယ်ရှိ ရေဘေးသင့်သူများ၏ နေအိမ်များသို့ သွားရောက်ကြည့်ရှုခဲ့ကာ အစားအသောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

အရှေ့မြောက်ပိုင်း နာခွန်ရတ်ချာစီမာပြည်နယ်ရှိ ထိုင်း-တရုတ် ရထားလမ်းဆောက်လုပ်ရေးစီမံကိန်း၏ ဥမင်လမ်းကြောင်းတစ်ခု ပြိုကျ၍ အထဲတွင် ပိတ်မိသွားသည့် အလုပ်သမား သုံးဦး(မြန်မာတစ်ဦး၊ တရုတ်နှစ်ဦး) ကို ကယ်ထုတ်နိုင်ရန် ကယ်ဆယ်ရေးသမားများ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်။

ချင်းရိုင်၊ ဆူခိုထိုင်းနှင့် ပရေး အပါအဝင် မြောက်ပိုင်းဒေသ ငါးပြည်နယ်ခန့်သည် ဆက်လက်ရေကြီး နေသကဲ့သို့ မြို့တော် ဘန်ကောက်အပါအဝင် ကျောက်ဖရားမြစ်အနီး ဧရိယာများသည် ရေကြီးမှုအန္တရာယ် မြင့်မားနေကြောင်း သိရသည်။

Ref: အေးရှားဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here