တရားမဝင်သစ်ထုတ်ယူမှု အရှိန်မြှင့်တားဆီးမည်

0
176

တရားမဝင်ထုတ်ယူမှု အပါအဝင် သတ္တုတွင်းထွက်များ ထုတ်ယူသယ်ဆောင်မှုကို တားဆီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။

တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမ၌ ဝန်ထမ်းများကို ဩဂုတ် (၂၄)ရက် ကတွေ့ ဆုံစဉ် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သန့်ရှင်းကောင်းမွန်တဲ့ပတ်ဝန်းကျင်ရရှိရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်နည်းဖြင့် သတ္တုတွသတ္တုတူးဖော်ရေး တာဝန်များကိုလည်း ဦးတည် ဆောင်ရွက်ရန်လိုကြောင်း ၄င်းကဆိုသည်။

ထိုနည်းတူ တောင်ကြီးမြို့ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ရေဝေ ရေလဲဧရိယာများ ကိုထိန်းသိမ်းရေး၊ ရေဝေရေလဲစိုက်ခင်းတွေ တိုးချဲ့တည်ထောင်ရေး၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွေအတွင်း ကျူးကျော်ဝင် ရောက်မှုနှင့် မြေအသုံးချမှုပြောင်းလဲမှုမရှိစေရေးတို့ကိုလည်း လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်အတွင်းရှိ ထင်းရှူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေကို စစ်ဆေးကာ တောင်လေး လုံးပျိုးဥယျာဉ်အတွင်း အင်းလေးကန်ရေဝေရေလဲ ထိန်းသိမ်းရေး စိုက် ခင်းနှင့် လူထုဖြန့်စိုက်ပျိုးခြင်းအတွက် ပျိုးပင် ၂၄၀၀၀ ကြို တင်ပျိုးထောင်ထားမှု အ‌ခြေအနေနှင့် အေးသာယာ Green Zone ပျိုးဥယျာဉ်အတွင်း တောင်ကြီးမြို့ ထီသိမ်ကန်ရေထွက် စိမ်းလန်းစိုပြည်ရေးနှင့် ထီသိမ်ကန် ရေဝေရေလဲ ထိန်းသိမ်းရေးအတွက် ထင်းရှူးပျိုးပင် ၁၂၀၀၀ နှင့် အထူးပျိုးပင် ၃၉၄၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here