မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်သည့် ပွဲစဉ် (၈)တွင် ရှမ်းယူနိုက်တက်(၄)ဂိုးသွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်

0
58

မြန်မာနေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်သည့် ပွဲစဉ် (၈)တွင် ရှမ်းယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်က (၄)ဂိုးသွင်းယူ၍ အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ယှဉ်ပြိုင်ကစားသည့် အဆိုပါပွဲစဉ်တွင် ရခိုင်ယူနိုက်တက်ဘက်မှ သွင်းဂိုး(၁)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက်အသင်းက (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲထွက် လူစာရင်းအရ ရခိုင်ယူနိုက်တက်ဘက်မှ မကြာသေးမီက ခေါ်ယူထားသော ဂျပန်နိုင်ငံသားနောက်ခံလူ Hiroya ပါ ဝင်လာပြီး ထွန်းထွန်းအောင်၊ အောင်ကျော်အေးတို့နှင့် တွဲဖ က်ကစားခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ဘက် ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက် လူစာရင်းကို အပြောင်းအလဲများ ပြုလုပ်ထားပြီး တိုက်စစ်မှူး ကျော်ကိုကိုက အသင်းခေါင်းဆောင်အဖြစ် အသင်းကို ဦးဆောင်ခဲ့ကာ ကွင်းလယ်တွင် ဇင်ဖြိုးအောင်၊ အောင်နိုင်ဝင်းတို့ကို ပွဲထုတ်လာသည်ကို တွေ့ရသည်။

ပွဲစဉ်အပြီးတွင် AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်နောက်ခံလူ ဝီလီယံက ရရှိခဲ့သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ကာ အသင်း(၁၃)သင်း ပါဝင်ယှဉ် ပြိုင်နေပြီး၊ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီ လ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here