မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရှမ်းတောင် နှင့် ရှမ်းမြောက် ဆက်သွယ်ထားသော လမ်းပိုင်း သွားလာရန်ခက်ခဲနေ

0
79

ရှမ်းပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ရှမ်းတောင်နှင့် ရှမ်းမြောက် ဆက်သွယ်ထားသော လမ်းပိုင်းများ သွားလာရေး အခက်ခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဩဂုတ်လ (၂၂) ရက်မှ (၂၅)ရက်အထိ ရှမ်းပြည်နယ်နေရာအနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားသော ကားလမ်းမကြီးအချို့ရေကြီးရေလျှံမှုဖြစ်ကာ သွားလာရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ဒေသတွင်း ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။

ယမန်နေ့ ဩဂုတ် (၂၅)ရက်၌ ရှမ်းတောင်ဘက်မှ မြောက်ဘက်သို့ သွားရာလမ်းတစ်ခုဖြစ်သည့် တောင်ကြီး-ရပ်စောက်- အင်တော-ကျောက်ဂူ လမ်းပိုင်းအတွင်း ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပေါ်ခဲ့ကာ ဒေသတွင်း ခရီးသွားယာဉ်များ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

“မနေ့က(၂)နာရီကျော်လောက် တောင်ကျရေတွေ ဆင်းတဲ့အတွက် လမ်းပိုင်းမှာ ယာဉ်တွေရပ်စောင့်ခဲ့ရတာပေါ့။ ပိတ်ကုန်တယ်။ကျွန်တော်ဖြတ်ပြီးတဲ့ အချိန်တောင်(၂)နာရီကျော် စောင့်ရတာ။ ကုန်ကားဖြစ်နေတော့လေ။ အခြားစောင့်ပြီးကျန်နေတဲ့ ကားတွေရှိတယ်။ ကားသေးတွေ မဖြတ်ရဲဘူး။ ဒီနေ့တော့ တောင်ကျရေ နည်းသွားတာကြောင့် သွားလာနေကြပါပြီ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကျောက်ဂူ-နမ့်လန်လမ်းသည်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်စီးကားငယ်များ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here