ပြည်မြို့တွင် တောင်ကျရေစီးနှင့်မျောပါ၍ က-လေ-းငယ်နှစ်ဦး ရေန-စ်အသက်ဆုံးရှုံးခဲ့ရ

0
78

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ပြည်မြို့၊ စက်မှုကွက်သစ်၊ ဂန္ဓာမာဈေးအနီးတွင် တောင်ကျရေစီးနှင့် မျောပါ၍ က-လေ-းငယ်နှစ်ဦး ရေန-စ် အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၂၆) ရက်၊ ညနေ (၄) နာရီအချိန်ခန့်က ပြည်မြို့၊ စက်မှုကွက်သစ်၊ ဂန္ဓာမာဈေးအနီးတွင် တောင်ကျရေစီးနှင့် မျောပါ၍ က-လေ-းငယ်နှစ်ဦး ရေန-စ်ကာ သတိမရတော့သဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) သို့ ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ခဲ့ကြောင်း သိရသည်။

“မိန်းကလေး တစ်ဦးနဲ့ ယောင်္ကျားလေး တစ်ဦးပါ။ ဝမ်းအနည်းရဆုံးအချိန်ပါပဲ။ နောင်ဘဝအခုလို အဖြစ်ဆိုးမျိုးနဲ့ ကင်းဝေးပါစေ။” ဟု သွားရောက် ကူညီရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

အဆိုပါ နေရာအရောက် ရပ်မိရပ်ဖများနှင့် ပူးပေါင်းကာ လိုအပ်သည်များ ပြုစုကူညီပေး၍ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပရဟိတပါရမီမှ ပို့ဆောင်ကူညီပေးခဲ့သော်လည်း က-လေ-းငယ်နှစ်ဦးမှ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here