ခြေထောက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူ‌နေရသည့် လွင်မိုးအောင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်

0
167

ထိုင်းလိဂ်ကလပ် ရရောင်းအက်ဖ်စီတွင် ကစားနေသည့် မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား လွင်မိုးအောင် ခြေထောက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူ‌နေရာမှ ပြန်လည်သက်သာလာပြီဖြစ်သဖြင့် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

၎င်းအနေဖြင့် လက်ရှိအချိန်တွင် ဒဏ်ရာအခြေအနေမှာ ရာနှုန်းပြည့်ပြန်လည်သက်သာလာသဖြင့် လေ့ကျင့်ခန်းများပြုလုပ်နေပြီ ဟု i Sports ကို ပြောကြားထားသည်။

လွင်မိုးအောင် ပါဝင်ကစားနေသည့် ရရောင်းအသင်းသည် ထိုင်းလိဂ်(၁) ထိပ်သီးအသင်းများဖြစ်သည့် ပေါ့ပ်အက်စီ၊ ဘီဂျီပက်သူရမ်၊ မြောင်တောင်ယူနိုက်တက်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားနေကြရခြင်း ဖြစ်သည်။

ရရောင်းအသင်းသည် ဘီဂျီပက်သူရမ်အသင်းကို အနိုင်ရရှိထားသလို မြောင်တောင်ယူနိုက်တက် အသင်းဖြင့် သရေကစားထားနိုင်ကာ ပေါ့စ်အက်စ်စီအသင်းအား ရှုံနိမ့်ထားပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ရမှတ်(၄)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေသည့် အသင်းအသင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here