ONE Lumpinee 77 ပွဲစဉ်တွင် အကြီးတန်းရိုးရာဖိုက်တာ စူပါရေချမ်း နှင့်မွေထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

0
429

ထိုင်းနိုင်ငံတွင် ဩဂုတ် (၃၀) ရက် ည (၇)ခွဲအချိန်၌ ကျင်းပပြုလုပ်မည့် ONE Lumpinee 77 ပွဲစဉ်တွင် အကြီးတန်းရိုးရာဖိုက်တာ စူပါရေချမ်းနှင့် မွေထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ပြိုင်ဘက်နှစ်ဦးအနေဖြင့်(၁၄၃)ဝိတ်တန်း အတွင်း ယှဉ်ပြိုင်ထိုးသ-တ်ရန်ရှိနေပြီး လက်ရှိတွင် ရိုးရာဖိုက်တာ စူပါရေချမ်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ယင်းပွဲစဉ်အတွင်း အခြားတွဲဆိုင်း (၁၂)ဆိုင်းပါဝင်ပြီး တွဲဆိုင်း သုံးဆိုင်းမြောက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

စူပါရေချမ်းသည် ONEက ဖိတ်ခေါ်ခံရသည့် ရိုးရာလက်ဝှေ့သမားတစ်ဦးထဲတွင် ပါဝင်လာခဲ့ဖြစ်ပြီး ပြီးခဲ့သည့် ONE Lumpinee 76 ပွဲစဉ်တွင် ရိုးရာဖိုက်တာ (၅)ဦးထိ ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ (၃) ဦးအနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ONE ၏ ဖိတ်ခေါ်ယှဉ်ပြိုင်စေမှုများကြောင့် ရိုးရာလက်ဝှေ့အား မွေထိုင်းကဲ့သို့ ကမ္ဘာကပင် တစစသိရှိလာခဲ့ပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here