အမျိုးသားအားကစား ပွဲတော်၌ အောင်မြင်မှုရရှိရန် ရန်ကုန်တိုင်းအဆင့် အားကစားပွဲတော် ကြိုကျင်းပမည်

0
266

နေပြည်တော်၌ ကျင်းပမည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်၌ အောင်မြင်မှုများ ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော်ကို စက်တင်ဘာ (၁၆) ရက်မှ (၂၄) ရက်အထိ အားကစားနည်း (၂၄) နည်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအဆင့် အမျိုးသားအားကစားပွဲတော် ၌ ခရိုင်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ ထိုမှတဆင့် တိုင်းလက်ရွေးစင် အားကစားသမားများကို ရွေးချယ်သွားမည် ဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ စိစစ်ရွေးချယ်ပြီးပါက အောက်တိုဘာလမှစတင်ကာ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအဆင့် အားကစားပွဲတော်၌ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကတ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျုဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး စသည့် အားကစားနည်း (၂၄) နည်းကို ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here