ဟဲဟိုးမြို့တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး အမျိုးသား (၁)ဦး အသက်ဆုံးရှုံး

0
314

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မိုင်တိုင်အမှတ် (၉၇/၇)နှင့် (၉၈/ဝ) ကြားတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးအနက် (၁)ဦး ဒဏ်ရာရပြီး၊ (၁)ဦးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

သြဂုတ် (၂၇)ရက်၊ ညနေ (၅)နာရီ (၅)မိနစ်အချိန်ခန့်က အဆိုပါ နေရာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ ဟဲဟိုးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြ င့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည (၇) နာရီခွဲအချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးအနက် (၁)ဦးမှာ အသက်ဆုံးရှုံးခဲ့ရပြီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရခဲ့ရာ ၎င်းတို့အား မြတ်စေတနာ နာရေးကူညီမှုအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟဲဟိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here