အာရှအမျိုးသမီး ချန်ပီယံလိဂ် ဒုတိယပွဲစဉ်အနေဖြင့် မြဝတီအမျိုးသမီးအသင်းနှင့် ယူအေအီး ကလပ်အသင်းတို့ ကစားမည်

0
61

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုတွင်း ဒုတိယပွဲစဉ်အနေဖြင့် ယနေ့ ဩဂုတ်(၂၈)ရက် မြန်မာစံတော်ချိန် ည (၉) နာရီတွင် မြဝတီအမျိုးသမီးအသင်းနှင့် ယူအေအီးက လပ် အဘူဒါဘီကန်းထရီး အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြဝတီအက်ဖ်စီအသင်းသည်  အုပ်စုအဖွင့်ပွဲစဉ်အတွင်း အယ်လ်နာဆာ အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပြီး ယနေ့တွင် အုပ်စု ဒုတိယပွဲစဥ်အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သ ည်။

ယင်းအတွက် မြဝတီအက်ဖ်စီ အသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်ထားကြောင်း သိရသည်။

ခြေစစ်ပွဲစဉ်များအားလုံးကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေခြင်းဖြစ်ပြီး အုပ်စုအတွင်း ပွဲစဉ်များအရ မြဝတီအသင်းနှင့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်း ၊ ယူအေအီးကလပ် အဘူဒါဘီကန်းထရီးနှင့် လာအိုကလပ် ယန်းအဲလိဖန့် အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အုပ်စုအဖွင့်ပွဲစဉ်အပြီး၌ အာဆီယံကလပ်များဖြစ်သည့် မြန်မာကလပ် မြဝတီအက်ဖ်စီက အယ်လ်နာဆာကို ရှုံးခဲ့သလို လာအိုကလပ် ယန်းအဲလိဖန့်အသင်းကလည်း ယူအေအီးက လပ် အဘူဒါဘီကို(၂)ဂိုး(၁)ဂိုးနှင့် ရှုံးနိမ့်ထားသည်။

ယင်း ခြေစစ်ပွဲ ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပထမရသည့် အသင်းတစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here