နမီးဘီးယားတွင် ဆင်သတ်အရပ်ဝေမည်

0
246

မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသော နမီးဘီးယားနိုင်ငံတွင် ဆင်ကောင်ရေ ၈၃ ကောင် အပါအဝင် တောရိုင်းတိရစ္ဆာန် ၇၀၀ ကျော်ကို သတ်ဖြတ်၍ အစားအစာအတွက် အခက်အခဲရှိသူတွေကို အသားများ ဝေငှပေးသွားမည်ဟု ဆိုသည်။

တာဝန်ရှိသူများက တိရစ္ဆာန်အရေအတွက်သည် ရနိုင်သည့် စားကျက်မြေနှင့် ရေပေးဝေမှုထက် ကျော်လွန်နေသည်ဟု ယုံကြည်ထားသည့် ဥယျာဉ်မြေများနှင့် လူနေရပ်ကွက်များတွင် သတ်ဖြတ်မှာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးဋ္ဌာနက ပြောသည်။

သတ်ဖြတ်မည့် တိရစ္ဆာန်များတွင် ဆင်များအပြင်၊ ရေမြင်း၊ ကျွဲ၊ ဒရယ်၊ ပြောင်နှင့် မြင်းကျားတို့လည်း ပါဝင်ကြောင်း သိရသည်။

မိုးခေါင်ရေရှားဖြစ်စဉ်သည် လူများနှင့် တောရိုင်းတိရိစ္ဆာန်များအကြား ပဋိပက္ခကို တိုးလာစေပြီး အထူးသဖြင့် ဆင်များနှင့် သဟဇာတ မဖြစ်သော ဒေသများတွင် သုတ်သင်သတ်ဖြတ်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောဆိုသည်။

အာဖရိကတောင်ပိုင်းသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုဖြစ်စဉ်ကို ကြုံတွေ့နေရပြီး နမီးဘီးယားနိုင်ငံသည် ပြီးခဲ့သည့်လတွင် ၎င်း၏ အရန် သိုလှောင်စားနပ်ရိက္ခာ ၈၄ ရာခိုင်နှုန်းအထိ ကုန်ဆုံးထားခဲ့ပြီဖြစ်သည်ဟု ကုလသမဂ္ဂက ပြောဆိုသည်။ လာမည့်လများအတွင်း နိုင်ငံ့ လူဦးရေ၏ ထက်ဝက်နီးပါးသည် စားနပ်ရိက္ခာ မလုံလောက်မှု မြင့်မားစွာ ကြုံရမည်ဟု မျှော်လင့်ရသည်။

သို့သော်လည်း တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများကမူ စီးပွားရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်မှုတို့ကို အကဲဖြတ်သုံးသပ်ခြင်းမျိုး မရှိဘဲ ယခုအစီအစဉ်ကို လုပ်ဆောင်နေခြင်းဟု ဆိုခဲ့ပြီး သတ်ဖြတ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Ref: အာဖရိကနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here