၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၅ ရက်သွားရောက်

0
491

ကိုဗစ်ကာလကြောင့် ရပ်နားထားရသည့် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ပြည်ပနိုင်ငံ လေ့လာရေးခရီးစဉ်များ ပြန်လည်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊သမီးများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများနှင့် စစ်သည် အစားခန့် အရပ်သား အမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁ – ၂၀ ၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ကြောင်း၊ ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် ရပ်ထားခဲ့ရပြီး ယခုပညာသင်နှစ်မှသာ ပြန်လည်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၂၆) ရက်မှ (၃၁) ရက်ထိ ၅ ရက်တာကြာမြင့်မည့် အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်ကျောင်းသား၊ ကျောင်းသူများမှာ နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ်(၅) ဦး၊ အမှတ်အများဆုံးရရှိသော(၁၆) ဦး၊ ဂုဏ်ထူးသုံးဘာသာ စစ်သည်(၁)ဦး၊ ဂုဏ်ထူးနှစ်ဘာသာစစ်သည် (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here