ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း စွဲချက်အသစ်နှင့် ထရမ့်ရင်ဆိုင်နေရပြန်

0
209

၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်သည်ဆိုသော တိုင်ကြားချက်များနှင့် ပတ်သက်၍ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် ပြန်လည် ပြင်ဆင်ထားသည့် စွဲချက်ကို အမေရိကန် အထူးအတိုင်ပင်ခံ ဂျက်စမစ်၏ရုံးမှ ထပ်မံတင်လိုက်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင်ထားသော စွဲချက်တွင် ရီပတ်ဘလီကန်သမ္မတလောင်း ထရမ့်အား ၂၀၂၀ မဲရလဒ်များကို လွှမ်းမိုးရန် ပူးပေါင်းကြံစည်ခြင်းနှင့် အလားတူသည့် စွဲချက်မျိုးပါရှိသည်။

အမေရိကန်မဲဆန္ဒရှင်များကို တိုင်းပြည်အပေါ် ကျရောက်နေသော ကပ်ဘေးများမှ အာရုံလွှဲရန် လက်ရှိ အစိုးရအဖွဲ့၏ ကြိုးပမ်းမှုအဖြစ် အဆိုပါ စွဲချက်အသစ်ကို ထရမ့်က ပယ်ချခဲ့သည်။

“ဒါဟာ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုတစ်ခုလို့ ဆိုနိုင်ရုံမျှသာဖြစ်ပြီး၊ နယ်စပ်ကျူးကျော်မှု၊ ရွှေ့ပြောင်းနေထိုင်မှုရာဇ၀တ်မှု၊ သောင်းကျန်းတဲ့ ငွေကြေးဖောင်းပွမှု၊ တတိယကမ္ဘာစစ်ရဲ့ ခြိမ်းခြောက်မှုလိုမျိုး၊ နဲ့ အခြားအရာများတွေလို ကပ်ဆိုးတွေကနေ အမေရိကန်ပြည်သူတွေကို အာရုံပြောင်းသွားစေတဲ့ [ဒုသမ္မတ] ကမလာဟဲရစ်ရဲ့ ဆောင်ရွက်မှု…” ဟု ထရမ့်က သူပိုင်ဆိုင်သော Truth လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here