မြဝတီမြို့နယ်ရှိ ငွေလိ-မ်လုပ်ငန်းတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများ ပြန်လည်လွတ်မြောက်လာ

0
57

ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အတွင်းရှိ Dongmei ငွေလိ-မ်လုပ်ငန်းတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား (၂၁) ဦးသည် ယနေ့ ဩဂုတ်လ (၂၈) ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သိရသည်။

အဆိုပါ အိန္ဒိယ နိုင်ငံသားများအနေဖြင့် မည်သည့်အချိန်က မည်သည့်ပုံစံဖြင့် အဆိုပါ ငွေလိ-မ်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး မည်သည့်အဖွဲ့အစည်းက ကယ်တင်ခဲ့သည်ဆိုသည့်အချက်များကိုတော့ အသေးစိတ်မသိရှိရပေ။

၎င်းတို့အပြင် အခြား အိန္ဒိယနိုင်ငံသား (၇) ဦးလည်း သြဂုတ်လ (၁၂) ရက်‌နှင့် (၂၀) ရက်တို့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၆)ရက်မှ စတင်၍ လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံသား (၅၇) ဦးသည် မြဝတီမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ တရုတ်ငွေလိ-မ်ဂိုဏ်းများ၏ လက်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြကြောင်း အိန္ဒိယသံရုံးမှတဆင့် သိရသည်။

မြန်မာနိုင်ငံရှိ အာဏာပိုင်များနှင့် ဒေသဆိုင်ရာတို့၏ အကူအညီများသည် အရေးကြီးပြီး ၎င်းတို့ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်းလည်း သံရုံးက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here