Myanmar National League 2 /2024 ပြိုင်ပွဲ week -5 ပွဲစဉ် အပြီး အမှတ်ပေးဇယား ရပ်တည်မှု

0
63

Myanmar National League ပြိုင်ပွဲများတွင် League 2 အသင်းများသည် League 1 အသင်းသို့ တန်းတက်နိုင်ရေး ယှဉ်ပြိုင်ကစားနေကြခြင်းလည်း ဖြစ်သည်။

အဆိုပါ League 2 ပြိုင်ပွဲတွင် အသင်းပေါင်း (၈)သင်းပါဝင်ကစားနေပြီး၊ ယမန်နေ့ ဩဂုတ်(၂၇)ရက်တွင် week -5 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်သည်။

Myanmar National League 2 /2024 ပြိုင်ပွဲ week -5 ပွဲစဉ် အပြီး အမှတ်ပေးဇယား ရပ်တည်မှုရလဒ်အရ တက္ကသိုလ်အသင်းက ရမှတ်(၁၃)မှတ်ဖြင့် အဆင့် (၁)တွင် ရပ်တည်နေပြီး ၊ ရာမည ယူနိုက်တက်အသင်းက ရမှတ်(၁၁)ဖြင့် အဆင့် (၂)နေရာတွင် ရပ်တည်နေကြသည်။

ထို့နည်းတူ ချင်းလန်းအသင်းက ရမှတ်(၉)မှတ်ဖြင့် အဆင့် (၃)၊ ကချင်ယူနိုက်တက်အသင်းက ရမှတ်(၇)မှတ်ဖြင့် အဆင့်(၄)၊ ငွေကြယ်ပွင့်များအသင်းက ရမှတ်(၅)မှတ်ဖြင့် အဆင့် (၅)၊ ဂလိုရီဂိုးလ်အသင်းက ရမှတ်(၅)မှတ်ဖြင့် အဆင့်(၆)၊ ရွှေပြည်သာ ယူနိုက်တက်အသင်းက ရမှတ်(၄)ဖြင့် အဆင့် (၇) ၊ ဧရာဝတီရိန်းဂျားအသင်းက ရမှတ်(၁)မှတ်ဖြင့် အဆင့် (၈)နေရာတို့တွင် အသီးသီး ရပ်တည်လျက်ရှိသည်။

ဓာတ်ပုံ – ယမန်နေ့က ကစားခဲ့ကြသည့် ရာမညယူနိုက်တက် နှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့၏ ပွဲစဉ် ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here