ပြည်ပသို့ PV အမျိုးအစားနိုင်ငံကူးလက်မှတ်ဖြင့်ထွက်ခွာမည့်သူများ သတ်မှတ်အချက်အလက်များပြည့်စုံပါက ခွင့်ပြုလျက်ရှိ

0
884

ပြည်ပသို့ PV အမျိုးအစားနိုင်ငံကူးလက်မှတ်ဖြင့်ထွက်ခွာမည့်သူများ သတ်မှတ်အချက်အလက်များပြည့်စုံပါက နေ့စဉ်ခွင့်ပြုလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

ပြည်ပသို့ အမှန်တကယ်အလည်အပတ်သွားရောက်မည့် PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေဖြင့် လိုအပ်သော အပြန်လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မည့်နိုင်ငံတွင် တည်းခိုမည့် Hotel Booking ၊ လည်ပတ်စဉ်သုံးစွဲမည့် လုံလောက်သောငွေကြေး(Show Money) များပါရှိမှု ရှိ/မရှိစိစစ်ပြီး နေ့စဉ်ခွင့်ပြုလျက်ရှိကြောင်းနှင့် ပြည်ပနိုင်ငံများတွင် ဆေးကုသရန် သွားရောက်မည့်သူ/ဆေးကူဖော်နှင့်လူမှုရေးကိစ္စဆောင်ရွက်မည့်သူများကိုလည်း ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း၊ PV အမျိုးအစားနိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ ပထမဆုံးအကြိမ် ထွက်ခွာမည့်သူများကို ထောက်ခံပေးသူရှိပါက ပြည်ပထွက်ခွာခွင့်ပြုသည်ဆိုသည်မှာ မဟုတ်ကြောင်းသိရသည်။

အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပတွင် အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်ပါက ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်(PJ)အမျိုးအစားနိုင်ငံကူးလက်မှတ်လျှောက်ထားရယူကာ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်သမားမှတ်ပုံတင်၍ (OWIC) လျှောက်ထားရယူပြီးမှသာ တရားဝင်ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here