အမေရိကန် တစ်ဒေါ်လာ ၃၄၇၂ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁၆ ဒသမ ၉ သန်းကို ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့

0
136

ဗဟိုဘဏ်၊ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များ၊ AD လိုင်စင်ရဘဏ်များ ပါဝင်သည့် FX Market Online Platform မှတဆင့် ဩဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ဒေါ်လာ ၁၆ ဒသမ ၉ သန်းကို ဗဟိုဘဏ်မှ ထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဒေါ်လာဈေးမြင့်တက်မှုကြောင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အခက်အခဲများရှိခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ယင်းလုပ်ငန်းရှင်များကို ဒေါ်လာသန်း ၁၀၀ ပံ့ပိုးပေးသွားမည်ဟု ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ဩဂုတ်လ ၁၅ ရက်တွင် တစ်ဒေါ်လာ ၃၄၀၀ ဖြင့် ဒေါ်လာ ၉ ဒသမ ၄၈၉ သန်း၊ ဩဂုတ်လ ၁၉ ရက်တွင်တစ်ဒေါ်လာ ၃၄၁၀ ဖြင့် ဒေါ်လာ ၈၉ ဒသမ ၉၇၅ သန်း၊ ဩဂုတ်လ ၂၂ ရက်တွင် တစ်ဒေါ်လာ ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်းနှင့် ဩဂုတ်လ ၂၆ ရက်တွင် တစ်ဒေါ်လာ ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊ ဩဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ ၃၄၇၂ ကျပ်ဖြင့် ဒေါ်လာ ၁၆ ဒသမ ၉ သန်းအား ထုတ်ရောင်းပေးထားပြီး စုစုပေါင်း ၁၈၂ ဒသမ ၃၆၄ သန်းထုတ်ရောင်းပေးထားသည်။

ယခုရက်ပိုင်းအတွင်းပြင်ပငွေကြေးဈေးကွက်အတွင်းဒေါ်လာဈေးနှုန်းမှာ ဖြစ်ပေါ်ခဲ့သည့် ရက်အလိုက် အမြင့်ဆုံး တစ်ဒေါ်လာ ဈေးနှုန်းများမှာ ဩဂုတ် ၂၃ ရက်တွင် ၆၀၀၀ ကျပ်၊ ဩဂုတ် ၂၄ ရက်တွင် ၅၈၅၀ ကျပ်၊ ဩဂုတ် ၂၅ ရက်တွင် ၅၈၅၀ ကျပ်၊ ဩဂုတ် ၂၆ ရက်တွင် ၅၈၅၀ ကျပ်၊ ဩဂုတ် ၂၇ ရက် ၅၇၀၀ ကျပ် ဩဂုတ်လ ၂၈ ရက်တွင် ၅၇၀၀ ကျပ်၊ ဩဂုတ်လ ၂၉ ရက် (ယနေ့)တွင် ကျပ် ၅၆၀၀ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here