စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားသို့ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

0
73

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် ဗဟိုကော်မတီ၏ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းပွဲကို သြဂုတ် (၂၇)ရက်က ချုံချင့်မြို့၊ နိုင်ငံခြားရေးဌာနမှ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လူမှုရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ချုံချင့်မြို့ အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ ချုံချင့်မြူနီစီပယ် အစိုးရ နိုင်ငံခြားရေးဌာန၊ စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာဌာနနှင့် ပြန်ကြားရေးဌာနတို့မှ တာဝန်ရှိသူများ၊ ချုံချင့်မြို့ရှိ နိုင်ငံခြားစီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ချုံချင့်မြို့အခြေစိုက် ပြည်ပသတင်းထောက်များနှင့် နိုင်ငံခြားပညာတော်သင် ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်သည် ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကိုယ်စား သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here