မန္တလေး -ရွှေကူ ယာဉ်စီးခ နှစ်ဆ‌နီးပါးမြင့်တက်

0
237

ကချင်ပြည်နယ် ရွှေကူမြို့သို့ ဩဂုတ် (၃၀)ရက်တွင် ယာဉ်ငယ်လိုင်းများ စမ်းသပ်ပြေးဆွဲကြမည်ဖြစ်ရာ ၊ ယာဉ်စီးခများ နှစ်ဆ‌နီးပါးအထိမြင့်တက်နေကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ခရီးစဉ်အား ယခင်က ကျပ် (၁၂၀,၀၀၀)နှုန်းသာ ပေးရသော်လည်း ယခုအခါ မန္တလေး-ရွှေကူသို့ ကျပ် (၃၂၀,၀၀၀)အထိ ဈေးမြင့်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အင်းတော်နှင့် မတ္တရာလမ်းပိုင်းများဖြတ်သန်းခွင့် ပိတ်ထားသည်ဟု သိရသည်။

ထို့ကြောင့် မန္တလေး ရွှေကူ သွားလမ်းအား ကွင်းရှောင်လမ်းများမှသွားရမည်ဖြစ်သောကြောင့် ယာဉ်စီးခဈေးနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု မန္တလေးမြို့ယာဉ်လိုင်းတာဝန်ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ယာဉ်ငယ်အသင်းက လမ်းပိုင်းစမ်းပြီးထွက်ကြမှာ။ ကွင်းလမ်းတွေကဘဲ သွားရမယ့်အခြေအနေဖြစ်တာကြောင့် ဈေးတွေတက်ရတာပါ။ ပြီးတော့ မောင်းကုန်းလမ်းဘက်ကသွားမှာ။ အဲ့ဒီဘက်က ကားတွေဇက်နဲ့ လည်းကူးရမယ်ကြားတယ်။ တစ်ခါကူးလေးသိန်းလောက်ရှိတယ်။”ဟု မန္တလေး -ရွှေကူ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထို့အပြင် ဗန်းမော်မြို့အတွင်းသို့ ယာဉ်အဝင်အထွက်များ ပိတ်ထားခြင်းကြောင့် ဗန်းမော်ခရီးသည်များ ရွှေကူမြို့မှ တဆင့် ဗန်းမော်မြို့သို့ စက်လှေဖြင့်သာ သွားလာနိုင်သည်ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် KIA လက်နက်ကိုင်အဖွဲ့များ ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသလို ရွှေကူမြို့သို့ သွားသည့် အင်းတော်နှင့်မတ္တရာလမ်းပိူင်းများလည်း ပိတ်ထားကြောင်း ဒေသခံများက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here