ရန်ကုန်တိုင်း (၃၁) မြို့နယ်တွင် ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်ကြောင်း ထုတ်ပြန်

0
773

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် (၃၁) မြို့နယ်တွင် ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ကြောင်း ဩဂုတ် (၂၇) ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအား ည (၁၂) နာရီမှ နံနက် (၄) နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားရာမှ ယခုတွင် ဆိပ်ကြီးခနောင်တို့ နှင့် ဒလမြို့နယ်ကို ချန်လှပ်ကာ ကျန် (၃၁) မြို့နယ်အတွင်း ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အရ မနက် (၁)နာရီမှ မနက် (၃) နာရီအထိ ညမထွက်ရအမိန့်ကို ဖြေလျှော့ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၁၄၄) အရ နံနက် (၁) နာရီ မှ နံနက် (၃) နာရီအထိ ညမထွက်ရဟု အမိန့်ထုတ်လိုက်သည့် မြို့နယ် (၃၁)မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊တာမွေမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဒဂုံမြို့နယ်၊ပန်း ဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နှင့် ရွှေပြည်သာမြို့နယ် တို့ဖြစ်သည်။

ထို့ပြင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းခြင်းမျိုးမရှိဘဲ ညမထွက်ရအမိန့်ကို အချိန်သာပြောင်းလဲ သတ်မှတ်ပေးထားခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခု ထုတ်ပြန်လိုက်သည့် ညမထွက်ရအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမည်ဟုလည်း အမိန့်ထုတ်ပြန်ချက်၌ ပါရှိထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here