ပေကျင်း၌ ရှီနှင့်ဆူလီဗန်တို့တွေ့ဆုံဆွေးနွေးခဲ့

0
151
US National Security Advisor Jake Sullivan shakes hands with China's President Xi Jinping (R) during their meeting at the Great Hall of the People in Beijing on August 29, 2024. (Photo by Trevor Hunnicutt / POOL / AFP)

ပေကျင်း၊ဩဂုတ် ၂၉

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်လာမည်ကို လျှော့ချသည့်အနေဖြင့် တရုတ် – အမေရိကန်တွေ့ဆုံဆွေးနွေးရန် ပေကျင်းသို့ရောက်ရှိနေသည့် မစ္စတာဆူလီဗန်သည် တရုတ်သမ္မတရှီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

မစ္စတာဆူလီဗန်နှင့်တွေ့ဆုံစဉ် သမ္မတရှီက တရုတ်အနေဖြင့် အမေရိကနှင့်ဆက်ဆံရေးကို တည်ငြိမ်မှုရရှိရန်ကြိုးပမ်းလျက်ရှိပြီး ယခုကဲ့သို့ အရာရာပြောင်းလဲနေပြီး မုန်တိုင်းထန် နေသည့်ကမ္ဘာကြီးတွင် နိုင်ငံများအနေဖြင့် ဖယ်ထုတ်ခြင်း၊ နောက်ပြန်သွားခြင်းတို့မလုပ်သင့်ဘဲ စည်းလုံးမှုနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့သည်။

မစ္စတာဆူလီဗန်ကမူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အနေဖြင့်လည်း တရုတ်နှင့်ဆက်ဆံရေးတွင် ပဋိပက္ခကိုရှောင်ရှားကာ လာမည့်သီတင်းပတ်များတွင် သမ္မတဘိုင်ဒင်အနေဖြင့် ရှီနှင့်ပိုမိုထိတွေ့ဆက်ဆံနိုင်ခြေရှိကြောင်းပြောသည်။

ဆူလီဗန်နှင့်ရှီတို့တွေ့ဆုံပြီးနောက် နှစ်နိုင်ငံသမ္မတများအကြား ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရန်လည်း စီစဉ်ခဲ့ကြကြောင်းသိရှိရသည်။

ယခုဆွေးနွေးမှုတွင် နှစ်နိုင်ငံလုံးသည် ပွင့်ပွင့်လင်းလင်းနှင့်ခိုင်လုံပြီး အပြုသဘောဆောင်စွာဆွေးနွေးမှုခဲ့ကြကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here