အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က IAI အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

0
56

၂၀၂၄ ခုနှစ်၏ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ (Chair of IAI Task Force) အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် 74th Initiative for ASEAN Integration (IAI) Task Force နှင့် 14th Consultation Meeting of the IAI Task Force – ASEAN Partners အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အစည်းအဝေး(၂)ခုကို ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်(၂၈)ရက်နှင့် (၂၉) ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သြဂုတ်(၂၈) ရက်တွင် ကျင်းပသည့် 74th Initiative for ASEAN Integration (IAI) Task Force အစည်းအဝေး၌ IAI Work Plan IV (2021-2025) အကောင်အထည်ဖော်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် စီမံကိန်းများနှင့် IAI Work Plan V ဆက်လက် အကောင်အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်း အဖွဲ့ဝင် အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သြဂုတ်(၂၉) ရက်တွင် ကျင်းပသည့် 14th Consultation Meeting of the IAI Task Force-ASEAN Partners အစ ည်းအဝေးတွင် IAI Work Plan IV (2021-2025) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အကောင်အထည်ဖော်ဆောင်ရန်ကျန်ရှိနေသည့် စီမံကိန်းများနှင့် IAI Work Plan V ဆက်လက်အကောင်အထည်ဖော်ရာတွင် အာဆီယံမိတ်ဖက်နိုင်ငံများမှ ပံ့ပိုးကူညီသွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲဝင် အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ တီမောလက်စတေ ကိုယ်စားလှယ်၊ အာဆီယံဒုတိယအတွင်း ရေးမှူးချုပ် Mr. Satvinder Singh နှင့် အာဆီယံ အတွင်း ရေး မှူးချုပ်ရုံး IAI and NDG Division မှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here