ပို့ကုန်ရငွေ တင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်ခွင့်ပြုပေးမည်ဟု စီး/ကူးအသိပေး

0
193

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၄) လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ (၁) ရက်မှစ၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုရမည်ဖြစ်သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ Trade Net 2.0 စနစ်တွင်၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လျှောက်ထားသော ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား စနစ်အတွင်းမှ ပယ်ဖျက် (Delete) သွားမည်ဟု ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ထားသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သည့် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာကုမ္ပဏီ (၁၁၆)ခုမှ စောင်ရေ (၇၁၆) စောင်၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂သန်းအား အသင်းမှ စိစစ်ပြီးသည့် အချိန်တွင် ဆေးဝါးသွင်းကုန် လိုင်စင်လျှောက်လွှာအသစ်ဖြင့်သာ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆေးဝါးသွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။

သို့ဖြစ်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်မှ စ၍ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား ပို့ကုန်ရငွေ (Export Earning) ဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ဆေးဝါးတင်သွင်းမည့် ကုမ္ပဏီများသို့ ထပ်ဆင့်အသိပေးသွားရန်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားမှု Oil များကိုလည်း Oil အသစ်ဖြင့်သာ ပြန်လည်လျှောက်ထားရန် အသိပေးအကြောင်းကြားထားသည်။

မြန်မာ့ဆေးဝါးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများမှ တင်သွင်းနေခြင်းဖြစ်ပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ ထုတ်လုပ်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here