ပြည်သူ့လုံခြုံရေးစနစ်ကို ဒေသအတွက်ကောင်းကျိုးဆောင်ရွက်မည့်သူများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်

0
248

အဆင့်ဆင့်သတင်းပေးသည့်စနစ်ကို ဖော်ဆောင်၍ ဒေသအတွက် ကောင်းရာကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ကပြောကြားခဲ့သည်။

ဩဂုတ်လ(၃၀)ရက်နေ့ နေ့လည်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆင့်ဆင့် သတင်းပေးသည့်စနစ်ကိုကျင့်သုံးပါက အမှုအခင်းများလည်း များစွာလျော့နည်းသွားမည်ဖြစ်ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းကို ကျေးလက်များအထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက သန်းခေါင်စာရင်းကောက်ယူမှုများနှင့် ရွေးကောက်ပွဲကျင်းပမှုများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍကို အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး စသည်တို့နှင့်ပတ်သက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် သိရှိနိုင်ရေး ယခုကဲ့သို့အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးမှတဆင့် နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here